စမတ်ထုတ်လုပ်ရေး (Smart Manufacturing)
- Zeyar Than Win
- Jul 19, 2024
- 3 min read
မိတ်ဆက်
Industry Revolution 4.0 , Smart Manufacturing အစရှိသည့် ဝေါဟာရများအား မျက်မှောက်ခေတ် စက်မှုလုပ်ငန်းများတွင်၎င်း၊ အဆင့်မြင့်ပညာရေးနယ်ပယ်များတွင်၎င်း၊ အတိုင်ပင်ခံခြင်းနယ်ပယ်များတွင် ၎င်း အစရှိသဖြင့် အဓိကစက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ ပြောင်းလဲမှုအဖြစ် အကျယ်တဝင့် ဖော်ပြနေသည် ကို ကွန်ုပ်တို့ အနေဖြင့် တွေ့မြင်နေရပါသည်။ ဤအရွေ့သည် တော်လှန်ရေးတစ်ခုပင်ဖြစ်သည်။ ယခုခါတွင် လုပ်ငန်းစဥ်များကို ထိထိရောက်ရောက် ဖြစ်စေရန်နှင့် လုပ်ငန်းစဥ်များ၏ လုံခြုံရေးကောင်းမွန်စေရန်အတွက် ဒီဂျစ်တယ်တွင် (Digital Twin) နည်းပညာကို ဖန်တီးခဲ့ကြပြီး ထပ်တလဲလဲလုပ်ဆောင်ရသည့် လုပ်ဆောင် ချက်များ (Repetitive Works) ၊ အန္တရာယ်ရှိသောလုပ်ဆောင်ချက်များ၊ ဝန်ထမ်းအများအပြား နှင့် လုပ်ကိုင် ဆောင်ရွက်ရမည့် နေရာများတွင် အော်တိုမေးရှင်း နှင့် စက်ရုပ်များကို အသုံးပြုလာကြပြီ ဖြစ်သည်။ Digital Twin ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထု၊ စနစ် သို့မဟုတ် လုပ်ငန်းစဥ်တစ်ခုအား ၎င်းတို့၏ စွမ်းဆောင်ရည် နှင့် အပြုအမူများအား အသေးစိတ် တုပ ဖန်တီးထားသည့် အတုအယောင်ကိုယ်စားပြုမှု ပင်ဖြစ်သည်။ ၎င်းကို အင်္ဂလိပ်လို Virtual Representation ဟုခေါ်သည်။ ပုံ ၁-၁ တွင် ဒစ်ဂျစ်တယ်တွင်အား တကယ့်လက်တွေ့ တွင် မည်သို့မည်ပုံ အသုံချသည်ကို ဖော်ပြထားသည်။ အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာ အဖြစ် တည်ရှိနေသည့် အရာ ဝတ္ထုတစ်ခုအား ဒစ်ဂျီတယ်နည်းပညာဖြင့် ပုံစံတူပွားလိုက်ခြင်းသည် ဒစ်ဂျစ်တယ်တွင် ပင်ဖြစ်သည်။
ပုံ ၁-၁ ဒစ်ဂျစ်တယ်တွင် တစ်ခုအားလုပ်တွေ့တွင် အသုံးချပုံ
လူအတော်များများမေးခွန်းထုတ်သည့် ကိစ္စရပ်ကတော့ “Industry Revolution 4.0 နှင့် Smart Manufacturing ဟာ ဘယ်လိုကွာခြားလားလဲဗျာ” ဟူသည့်မေးခွန်းပင်ဖြစ်သည်။ အဖြေကတော့ တူညီသော အရာတစ်ခုအား မတူညီသည့် စကားစုများဖြင့် ရေးသားဖော်ပြထားခြင်းပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် ၏ အကြီးအကဲဖြစ်သူ Klaus Shawab သည် ၂၀၁၅ တွင် Industry 4.0 ဟူသော စကားစုကို အသုံးပြုခဲ့သည်။ စတုတ္ထမြောက်စက်မှုတော်လှန်ရေး (Industry 4.0) ဟူသည့် စကားလုံးအား အသုံးပြုခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀) မှ ဖြစ်ပျက်ခဲ့သည့် စက်မှုတော်လှန်ရေးအား အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်ပြီး မဝေးတော့သည့် အနာဂတ်တွင် ဆိုက်ဘာ-ရုပ်ပိုင်းဆိုင်ရာစနစ်များကို ရည်ရွယ်၍ အမည်နာမတပ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ အတူ ဖြစ်ပေါ်ခဲ့သည့် စက်မှုတော်လှန်ရေးများ (အများအပြားထုတ်လုပ်ခြင်းများ၊ အီလက်ထရောနစ်ခေတ်၊ သတင်းအချက်အလက်နည်းပညာခေတ်) ကိုလည်း အဆင့်များသတ်မှတ်လိုက်ပြီး ယခုအဆင့်ကို စတုတ္ထ မြောက် အဆင့်အနေဖြင့် သတ်မှတ်ခဲ့ပုံရပါသည်။ Smart Manufacturing ဆိုသည့် ဝေါဟာရ စကားစု ကတော့ဖြင့် မှတ်မိရန် လွယ်ကူ၍ နားထဲတွင် စွဲထင်နေမည့် ဝေါဟာရစကားလုံး ဖြစ်သည်။ Industry 4.0 ဖြစ်စေ၊ Smart Manufacturing ဖြစ်စေ၊ ထို ဝေါဟာရ နှစ်ခုလုံးသည် ခရစ်နှစ် ၂၀၁၄ တွင် သန္ဓေတည်ခဲ့သည့် စကားလုံးများ ဖြစ်ကြသည်။
၎င်းသော ဝေါဟာရတို့၏ အသုံးချမှုသည် တဖြည်းဖြည်းကျယ်ပြန့်လာကာ ယနေ့တွင် ထုတ်လုပ်ရေးလုပ်ငန်း များတွင်သာမက အခြားသော ထုတ်လုပ်ရေးမဟုတ်သည့် လုပ်ငန်းများတွင်ပါ သုံးစွဲလာကြသည်။ ဥပမာအား ဖြင့်တင်ပြရသော် Quality 4.0, Smart Quality, Logistics 4.0 နှင့် Smart Logistics အစရှိသည်တို့ ဖြစ် သည်။ အရေးကြီးသည့် အချက်သည် အထက်တွင်ဖော်ြပခဲ့သည် စကားလုံးများ ဖြစ်သော Quality 4.0, Smart Quality, Logistics 4.0 နှင့် Smart Logistics အစရှိသည် တို့သည် ဒီဂျစ်တယ်တွင်များကို ရုပ်ပိုင်း ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများတွင် ထည့်သွင်းသုံးစွဲ အသုံးချရေးပင်ဖြစ်သည်။ ဒစ်ဂျစ်တယ်တွင်များသည် စက်ကိရိယာပစ္စည်းများ၊ လူများအား ကန့်သတ်မှုများ ပြလုပ်ခြင်းမရှိပါ။ ဒစ်ဂျီတယ်တွင်များသည် လူများ နှင့် စက်ကိရိယာပစ္စည်းများ၊ ကားများ နှင့် အခြားသော လူသုံးကုန် စက်ပစ္စည်းများအကြား အပြန်အလှန် ဆက်သွယ်မှု ပြလုပ်နိုင်စေရန် တီထွင်ဖန်တီးထားသည့် အရာများပင်ဖြစ်သည်။ လူများနှင့် စက်ပစ္စည်းများ အကြား အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများ နှင့် အသေး စိတ် လုပ်ငန်းစဥ်များအား အမှန်တကယ်နားလည်သဘောပေါက်စေနိုင်ပါသည်။ “ပွဲမဝင်ခင် အပြင်ကကျင်းပ” အစရှိသည့် ပုံစံမျိုးပင်ဖြစ်သည်။
စက်ပစ္စည်းများ၏ အမှန်တကယ်ရုပ်ပိုင်းဆိုင်ရာ လည်ပတ်ခြင်းမျိုးများ မပြုလုပ်မီ ဒီဂျစ်တယ်တွင်များ အသုံးပြ၍ သက်ဆိုင်ရာ စက်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များ၊ လုပ်ငန်းစဥ်များ၊ လည်ပတ် မှုပုံစံများကို နားလည်သဘောပေါက်စေရန် အသုံးပြနိုင်သည်ဆိုလျှင် ပို၍ဆီလျော်သည်တို့ ထင်မြင်မိပါ သည်။ Smart Manufacturing ကို ပိုမိုအသေးစိတ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ပြလုပ်လျှင် ကွန်ပျူတာများ၊ ပေါင်းစပ်ထုတ်လုပ်သည့်စနစ်များ (Integrated Manufacturing Systems)၊ အဆင့်မြင့်အလိုက်သင့် ပြုလုပ် နိုင်စွမ်းအား (High Level Adaptability)၊ လျှင်မြန်စွာ ဒီဇိုင်းပြောင်းလဲနိုင်မှု (Rapid Design Changes)၊ ဒီဂျစ်တယ် သတင်းအချက်အလက် (Digital Information System)၊ ဝန်ထမ်းများအား နည်းပညာနှင့် ပတ်သက်သည့် လေ့ကျင့်သင်ကြားပေးမှုများ (Technical Trainings) အစရှိသည်တို့ ပါဝင်ပါသည်။ Smart Manufacturing တွင် ရေပန်းစားသည့် နည်းပညာများကိုတော့ စက်မှုလုပ်ငန်းသုံး အရာဝတ္ထုများ၏ အင်တာနက် (Industrial Internet of Things)၊ ဖြည့်စွက်ထုတ်လုပ်မှု (Additive Manufacturing) သို့မဟုတ် သုံးဖက်မြင်ထုတ်လုပ်ရေးနည်းပညာ (3D Printing Technology)၊ စက်၏သင်ယူမှု (Machine Learning)၊ နက်နက်ရှိုင်းရှိုင်းသင်ယူနိုင်မှု (Deep Learning)၊ ကွန်ပျူတာဆိုင်ရာစက္ကုအမြင် (Computer Vision)၊ စက်ရုပ်နည်းပညာ (Robotics)၊ ကြီးမားသည့် အချက်အလက်ပေါင်းများစွာအား ခွဲခြမ်းစိတ်ဖြာမှု (Big Data Analytics) နှင့် အစွန်းတွက်ချက်မှုနည်းပညာ (Edge Computing) အစရှိသည်တို့ ပါဝင်ပါသည်။ အချို့သော ပညာရပ်ဝေါဟာရဆိုင်ရာ စကားလုံးများသည် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် အခက်အခဲများစွာရှိ၍ ထိရောက်သည့် အဓိပ္ပာယ်များအနေဖြင့် ဘာသာပြန်ဆို၍ မရခြင်းကြောင့် အနီးစပ်ဆုံးသို့ ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။ ဥပမာ အစွန်းတွက်ချက်မှုနည်းပညာ (Edge Computing) ဆိုသည်မှာ အချက်အလက် (Data) များ ထုတ်လုပ်သည့် အရင်းအမြစ် (Source) အနီးမှာပင် အချက်အလက် များကို သိမ်းဆည်းခြင်းဖြစ်သည်။ ထို့ကြောင့် ကြာချိန် (Latency Time) ကိုလျှော့ချနိုင်ပြီး အချက်အလက် ဆိုင်ရာလမ်းကြောင်း (Bandwidth) ကိုပိုမိုအသုံးချနိုင်ပါသည်။
Smart Manufacturing တွင် ဒီဂျစ်တယ်တွင်များကို အသုံးပြုသည့်အတွက် မြောက်များစွာသော အချက် အလက်များ (Large Volume of Data) ထွက်ပေါ်လာပါသည်။ ယခင်ခေတ်များက အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသောစနစ် (Data Analytics) များသည် ယနေ့ခေတ်လောက် နည်းပညာအဆင့်အတန်း မြင့်မား မှုမရှိသည့် အတွက် Smart Manufacturing ကဲ့သို့သော အရာမျိုးကို အိပ်မက်တောင် မမက်နိုင်ခဲ့ပေ။ ကြီးမား၍မြောက်များသည့် အချက်အလက်များ (Big Data) ဟူသည့် ဝေါဟာရအား ၁၉၉၀ နှစ်များတွင် စတင်အသုံးပြခဲ့သော်လည်း Industry 4.0 နှင့် မရှေးမနှောင်းမှပင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာြခင်း ဖြစ်သည်။ အချို့ခန့်မှန်းချက်များအရ သတင်းအချက်အလက်နှင့် ပတ်သက်သည့် သိုလှောင်သိမ်းဆည်းမှု များသည် ၁၉၈၀ လောက်မှစ၍ လပေါင်း (၄၀) တိုင်း ၂ ဆ တိုးတက်ခဲ့သည်။ သတင်းကောင်းကတော့ မိုး၏ ဥပဒေသ (Moore’s Law) အား Big Data တွင် လက်တွေ့အသုံးပြုနိုင်ခြင်းဖြစ်သည်။ မိုး၏ ဥပဒေသဆိုသည် မှာ Intel ကွန်ပျူတာချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီမှ ဂေါ်ဒန်မိုးသည် အချက်အလက်ထိန်းသိမ်းခြင်း နှင့် ပတ်သက်သည့် သိမ်းဆည်းမှုများသည် ၂ နှစ်တာ ကာလတိုင်း ၂ ဆ တိုးတက်လာကာ ကုန်ကျစရိတ်သည် တသတ်မတ်တည်းတူညီနေလိမ့်မည်ဟု (ရေရှည်တွင် စျေးသက်သာနိုင်လိမ့်မည်ဟု) ကြိုတင်ဟောကိန်း ထုတ်ခဲ့ခြင်းပင်ဖြစ်သည်။ စျေးသက်သာပြီး အကဲဖြတ်လို့ရနိုင်သည့် အချက်အလက်များသည် စမတ် နည်းပညာများကို အသုံးချနိုင်ဖို့ရန်အတွက် အရေးအကြီးဆုံး အခြေခံတစ်ခု ဖြစ်လာပါသည်။
နောက်ထပ် မေးခွန်းတစ်ခုကတော့ Lean Six Sigma ၊ Smart Technology များနှင့် Industry 4.0 သည် မည်သို့ မည်ပုံ ဆက်စပ်နေသည်ဆိုသည့် အချက်အလက်များဖြစ်သည်။ Lean Six Sigma သည် အချက် အလက်များကို အသုံးပြ၍ ရှုပ်ထွေးသည့် လုပ်ငန်းစဥ်များ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရသည့် နည်းပညာ တစ်ခုဖြစ်သည်။ Lean Six Sigma ပညာရှင်များသည် ယခင်ထဲက မြောက်များစွာသော အချက် အလက်များနှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာစီစစ်ရာတွင် ကျွမ်းကျင်သူများ ဖြစ်သည်။ စမတ်ထုတ်လုပ်ရေး စနစ်များမှ မြောက်များစွာသော သတင်းအချက်အလက် အသစ်များကို ရရှိပါသည်။ Six Sigma ပညာရှင်များ သည် ထိုအချက်အလက်များကို စီစစ်ရာတွင် ယခင်က သမရိုးကျနည်းဖြစ်သည့် နမူနာယူခြင်း (Sampling) နည်းပညာအသုံးပြု၍ တွက်ချက်ခဲ့ကြပါသည်။ ယခုခေတ်တွင်မူ အချက်အလက်များကို ရယူခြင်း၊ ခွဲခြမ်းစိတ် ဖြာမှုများပြုလုပ်ခြင်း ယခင်ခေတ်များလောက် ခက်ခဲခြင်းမရှိတော့ပေ။ ကျွန်ုပ် (မူလစာရေးသူ) အနေဖြင့် ကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီတစခုတွင် စီမံကိန်း (၃၀) ကျော်ကို (၇) နှစ်အတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးပါသည်။ ကျွန်ုပ်အနေဖြင့် ကျွန်ုပ်တို့ ကောက်ယူခဲ့သည့် အချက်အလက်များမှ နမူနာစစ်တမ်းများ ကောက်ယူသည်နှင့် ပတ်သက်၍ တိကျသေချာရေရာမှု မရှိမှာကို အမြဲတိုင်းတွေးပူ စိုးရိမ်ကြောင့်ကျခဲ့ရပါ သည်။ စမတ်နည်းပညာများ အသုံးပြ၍ ထိုကဲ့သို့သော စီမံကိန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အမှန် တရားနှင့် ပတ်သက်၍ ပိုမိုနီးစပ်မည်မှု ကျွန်ုပ်အနေဖြင့် ယုံကြည်မိပါသည်။
Lean Philosophy သည်လည်း စမတ်ထုတ်လုပ်ရေးနည်းပညာများ အပေါ်တွင် များစွာအကျိုးသက်ရောက်မှု ရှိပါသည်။ Lean Philosophy ဆိုသည်မှာ လုပ်ငန်းများအတွင်း၊ အဖွဲ့အစည်းများအတွင်း စဥ်ဆက်မပြတ်တိုး တက်မှု (Continuous Improvement) များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းလည်ပတ် မှုအတွင်းတွင် ဖြစ်ပေါ်လာသည့် အလေအလွင့်များကိုပါ ဖယ်ရှားသွားခြင်း ဖြစ်သည်။ တိုယိုတာထုတ်လုပ် ရေးစနစ်အား စတင်တည်ထောင်ခဲ့သူTaiichi Ohno သည် ၁၉၅၀ နှင့် ၁၉၆၀ နှစ်များအတွင်းတွင် Lean Philosophy ကို တိုယိုတာထုတ်လုပ်ရေးစနစ်အတွင်းတွင် စတင်ထည့်သွင်း သုံးစွဲခဲ့သည်။ ထုတ်လုပ်ရေး လိုင်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချတတ်စေရန်အတွက် Lean Philosophy သည် ခွန်အားတစ်ရပ်အဖြစ် တွန်းအားပေးပါသည်။ စမတ်ထုတ်လုပ်ရေးသည် ကျွမ်းကျင် မှု မလိုအပ်သည့် အလုပ်အကိုင် တော်တော်များများကို အစားထိုးနိုင်ပါလိမ့်မည်။ စမတ်စက်ရုံများ နှင့် စမတ် ဖြန့်ဖြူးရေးစင်တာ (Smart distribution Center) များတွင် နည်းပညာကျွမ်းကျင်သူလုပ်သား လိုအပ်ချက် အမြောက်အများ ရှိလာပါလိမ့်မည်။ ထိုသူများသည် မြင့်မားသည့် နည်းပညာများကို အသုံးပြု၍ အချက် အလက်အသစ်များကို ရှာဖွေစီစစ်မှုများပြုလုပ်ကာ စဥ်ဆက်မပြတ်တိုးတက်မှုများကို မောင်းနှင်မှုပြုလုပ် ပါလိမ့်မည်။
Comments