top of page

Six Sigma အကြောင်း

Six Sigma ဆိုသည်မှာ


Six Sigma ဆိုသည်မှာ လုပ်ငန်းများ၊ ကော်ပိုရေးရှင်းများတွင် တွေ့ရှိရသည့် အခက်အခဲများ ပြသနာများကို ဖြေရှင်းသည့် နည်းနာတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရန်၄င်း၊ ပြသနာများကို ဖြေရှင်းရာတွင်၄င်း Six Sigma ကို အသုံးပြုခြင်းသည် လက်ရှိတွင် အကောင်းဆုံးနည်းနာဟု ပြောလို့ရပါသည်။ Sigma (σ) သည် ၁၈လုံးမြောက် ဂရိ အက္ခ္ခ္ခရာဖြစ်သည်။ ထို Sigma အက္ခ္ခ္ခရာကို စာရင်းအင်းပညာရှင်တို့သည် စာရင်းအင်းပညာရပ်တွင် အပြောင်းအလဲများ ကွဲပြားသောအသွင်များကို ကို ဖော်ပြရတွင် အသုံးပြုကြပါသေးတယ်။ Six Sigma နည်းပညာသည် ဝန်ဆောင်မှုလုပ်ငန်းများတွင်ဖြစ်စေ၊ ထုတ်ကုန်ထုတ်လုပ်ရာတွင်ဖြစ်စေ တစ်သန်း ထုတ်လုပ်လျှင် ၃.၄ ခုသာ အပျက်အစီး လက်ခံပါသည်။ ထို့ကြောင့် Six Sigma ကိုအသုံးပြုသည့်လုပ်ငန်းများ စက်ရုံများသည် ဝန်ဆောင်မှုများမြင့်မားလာခြင်း၊ ဝယ်ယူစားသုံးသူများထံမှ ကျေနပ်မှုများရရှိလာခြင်း၊ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆာင်မှု များ၏ အရည်အသွေး မြင့်မားလာခြင်းအစရှိသည့် အကျိုးကျေးဇူးများကိုခံစားရမည်ဖြစ်ပါသည်။


DMAIC နည်းစနစ်ဆိုသည်မှာ


DMAIC နည်းစနစ်ဆိုသည်မှာ အချက်အလက်များစုဆောင်းခြင်း စစ်ဆေးခြင်း သုံးသပ်ခြင်းဖြင့် လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန်လုပ်ဆောင်ရာတွင် အသုံးပြုသည့် နည်းစနစ်ဖြစ်ပါသည်။ ၄င်းတွင်ပါဝင်သော အဆင့် ငါးဆင့်

Define - လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် ပန်းတိုင်များချမှတ်ခြင်း၊ အနက်ဖွင့်ခြင်း၊

Measure - လက်ရှိအသုံးပြုနေသော စနစ်မှ လုပ်ဆောင်ချက်များကို တိုင်းတာပါသည်။

Analyze - လက်ရှိအသုံးပြုနေသော စနစ် မှ ထုတ်ကုန်နှင့် အရည်သွေးမှီရန် အတွက် ထုတ်လုပ်ရန် လိုအပ်သည့် ထုတ်ကုန် တို့၏ ကွဲလွဲချက်များကို စိစစ်ပါသည်။

Improve - လက်ရှိတွင်အသုံးပြုနေသည့် စနစ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပါသည်။

Control - အဆင့်ဆင့်လုပ်ဆောင်ချက်များမှရရှိလာသည့်စနစ်သစ်ကို နည်းမှန်လမ်းမှန် ဖြစ်စေရန် ထိန်းကျောင်း ခြင်း စသည့်အဆင့်များ၏အတိုကောက်စာလုံးများ၏ ရှေ့ဆုံးအက္ခများဖြင့်ဖွဲ့စည်းထားပါသည်။


Six Sigma ၏ သမိုင်းအကျဉ်း


၁၉၇၀ ဝန်းကျင်လောက်တွင် ကာဆာ တယ်လီဗေးရှင်းများထုတ်လုပ်နေသည့် Motorola စက်ရုံကို ဂျပန်များ၏ စီမံခန့်ခွဲမှု အောက်သို့ သွတ်သွင်းခဲ့ပါသည်။ ဂျပန်တို့၏ စီမံခန့်ခွဲမှုအောက်တွင် တီဗွီအလုံး ၂၀ ထုတ်လျှင် တလုံးအပျက်အစီး ရှိလာပါသည်။ ယင်းကဲ့သို့ဖြစ်နေမှုကို ဂျပန်တို့ ဆယ်စုနှစ်တစ်ခုစာလောက် ခါးဆီးခံကြရပါသည်။ ၁၉၈၅-၈၆ ဝန်းကျင်တွင်မူ Motorola မှ စီအီးအို Bob Galvin သည် Six Sigma Method ကိုစတင်အသုံးပြုပြီး၊ ၁၉၈၈ တွင် Quality Leader ဖြစ်လာခဲ့ပါသည်။ နောက်ပိုင်းတွင် General Electric နဲ့ Allied Signal တို့ပါသုံးစွဲလာပြီး၊ ၂၀၀၀ ခုနှစ်နောက်ပိုင်း တွင်မူ ကမ္ဘာတဝှမ်းလုံးတွင် သုံးစွဲလာကြပါသည်။


Six Sigma မှ အဓိပ္ပာယ်ဖွင့်ဆိုသော အရည်အသွေး


Six Sigma သည် မိရိုးဖလာ Quality ဟူသော အရည်အသွေးနှင့် လုံး၀ပါတ်သက်မှုမရှိပါ။ Quality ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုအတွင်းတွင် သတ်မှတ်ထားသည့် လုပ်ငန်းတွင်း လုပ်ကိုင်သည့်ဆောင်ရွက်ချက်များနှင့် ယင်းအဖွဲ့့ အစည်း၏ လက်ရှိဆောင်ရွက်မှုများ၏ ညီညွတ်မှုရှိခြင်းကိုဆိုလိုသည်။ Six Sigma သည်ယင်းညီညွတ်မှုများနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ Six Sigma သည် ဝယ်ယူစားသုံးသူတို့၏ စိတ်ကျေနပ်မှု၊ တန်ဖိုး စသည်တို့အပြင် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၏ အရည်အသွေးမြင့်မားစေခြင်းဖြင့် အရည်အသွေးညံံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာသော အသုံးစရိတ်များ ကိုလျော့ချပေးခြင်း၊ အမြတ်များများ ရရှိစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ Six Sigma နှင့် Quality ကို ဆက်စပ်ချင်တယ်ဆိုရင်ဖြင့် Quality ၏ အနက်ဖွင့်ဆိုချက်ကို Six Sigma နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလဲပေးရန်လိုအပ်ပါသည်။ ထို့ကြောင့် Six Sigma နယ်ပယ်တွင် Quality ကို ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် ကြိုးပမ်းအားထုတ်မှု၏ ထပ်ပေါင်းတန်ဖိုး ဟုအနက်ဖွင့်ပါသည်။ ထို့ကြောင့် Six Sigma နယ်ပယ်တွင် Quality သည် ထပ်ပေါင်းတန်ဖိုး (Value Added) ပင်ဖြစ်သည်။


အလားလာရှိသော အရည်အသွေးနှင့် ပကတိအရည်အသွေး


အလားလာရှိသော အရည်အသွေးဆိုသည်မှာ ဖြစ်နိုင်ခြေအများဆုံးထပ်ပေါင်းတန်ဖိုး ဖြည့်သွင်းခြင်းပင်ဖြစ်သည်။ အမှန်တကယ် အရည်အသွေးဆိုသည်မှာ လက်ရှိ ထပ်ပေါင်းတန်ဖိုး ဖြည့်သွင်းခြင်းပင်ဖြစ်သည်။


အလေအလွင့်


အလားလာရှိသော အရည်အသွေးနှင့် အမှန်တကယ်အရည်အသွေးကြား တွင်ရှိသော ခြားနားခြင်းသည် အလေအလွင့် ပင်ဖြစ်သည်။


Six Sigma အား သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း


ဝယ်ယူစားသုံးသူများ၊ ရင်နှီးမြုပ်နြှံသူများနှင့် လုပ်ငန်းရှင်များ ကို မှန်ကန်မြန်ဆန်သော ကောင်းမွန်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ ကိုပို့ဆောင်ပေးရန်အတွက် Six Sigma နည်းစနစ်သည် စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်ရေးအတွက် သိပ္ပံနည်းကျ တွက်ချက်မှုများ၊ စိစစ်မှုများကို အသုံးပြုပါသည်။ Six Sigma ၏ သိပ္ပံနည်းကျ စိစစ်ရေး ဗျူဟာများမှအောက်ပါအတိုင်းဖြစ်သည်။


၁) စျေးကွက်အခြေအနေများ၊ မိမိလုပ်ငန်း၏ အခြေအနေအရပ်ရပ်ကို အရေးကြီးသော ရှုထောင့်များမှ လေ့လာစူစမ်းခြင်း။


၂) မိမိ၏ အမြင်များပေါ်တွင်အခြေခံ၍ မူဝါဒမူကြမ်းများချမှတ်ထားခြင်း။


၃) လေ့လာစူးစမ်းမှုမှရရှိသည့် အဆိုကြမ်းများပေါ်အခြေခံ၍ ကြိုတင်ခန့်မှန်းမှုများပြုလုပ်ခြင်း။


၄) ကြိုတင်ခန့်မှန်းမှုများကို လေ့လာမှုများစမ်းသပ်စစ်ဆေးမှုများဖြင့် ချိန်ထိုးခြင်း၊အသစ်လေ့လာတွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်း၊ အဆိုကြမ်းများကို လေ့လာတွေ့ရှိချက်များနှင့် လိုက်လျောညီတွေဖြစ်စေရန် မွမ်းမံခြင်း ၊ မတူကွဲပြား မှုများတွေ့ရှိပါက စာရင်းအင်းပညာရပ်ကို အသုံးပြုကာ ဖြေရှင်းခြင်း။


၅) အဆိုကြမ်းနှင့် စမ်းသပ်မှုများမှ ရရှိသော အဖြေများတွင် ကွဲလွဲမှုများ ရှိနေသေးပါက အဆင့် ၃ နှင့် ၄ ကို ဆက်ခါ ဆက်ခါ ပြုလုပ်ပါ။


ပျမ်းမျှ ကုန်ထုတ်နိုင်စွမ်း


ပျမ်းမျှ ကုန်ထုတ်နိုင်စွမ်းဆိုသည်မှာ အဆင့်တစ်ခုခြင်းဆီမှ ထုတ်လုပ်နိုင်စွမ်းအားများ၏ မြှောက်လဒ်ပင်ဖြစ်သည်။ ဥပမာ ထုတ်ပစ္စည်းတစ်ခုထုတ်လုပ်ရာတွင် အဆင့် (၂) ဆင့်ရှိသည်ဆိုကြပါစို့။ ပထမအဆင့်၏ ထုတ်နိုင်စွမ်းသည် ၉၀% ဖြစ်သည်။ ဒုတိယတဆင့်၏ ထုတ်နိုင်စွမ်းသည် ၈၀% ဖြစ်သည်။ ထို့ကြောင့် ပျမ်းမျှ ကုန်ထုတ်နိုင်စွမ်း သည် ၀.၉ x ၀.၈ ဖြစ်သည်။ ထို့ကြောင့် ပျမ်းမျှ ကုန်ထုတ်နိုင်စွမ်းသည် ၀.၇၂ ရာခိုင်နှုန်းဖြင့်ဆိုသော် ၇၂% ဖြစ်သည်။


လုပ်ငန်းတွင်း အပြောင်းအလဲများကို စီမံခန့်ခွဲခြင်း

ပုံမှန် သမရိုးကျ စီမံခန့်ခွဲရေးမှ Six Sigma စီမံခန့်ခွဲရေးသို့ပြောင်းလဲကြရတွင် အဓိက ပန်းတိုင် ၃ ခုရှိပါသည်။


၁) ပထမဦးစွာအဖွဲ့အစည်းအတွင်း မှအလုပ်လုပ်နေသူအားလုံး၏စဉ်းစားတွေးခေါ်ပုံများကို ပြောင်းလဲရမည်ဖြစ်ပါ သည်။ အဖွဲ့အစည်းအတွင်းရှိ လူတို့၏ သမရိုးကျအတွေးအမြင်များကို Six Sigma နှင့်သက်ဆိုင်သည့် အတွေး အမြင်သို့ပြောင်းလဲတွေးတောတတ်ရန် ကူညီလုပ်ဆောင်းပေးခြင်းသည် Change Agent ၏တာဝန်ပင်ဖြစ်သည်။ မည်သည့်ပြောင်းလဲမှုမဆို လူတစ်ဦးတစ်ယောက်ချင်းစီက စရမှာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ချင်းဆီက အပြောင်းအလဲကို လက်ခံနိုင်မှုရှိမှသာ ပြောင်းလဲခြင်းဖြစ်ပေါ်ပါမည်။ အပြောင်းအလဲ ဖြစ်ပေါ်စေရန်အတွက် ပြောင်းလဲခြင်းအတွက် တွေးတောဆက်စပ်နိုင်မှုများသည် အရေးကြီးပါသည်။ အဖွဲ့အစည်း တစ်ခုလုံးရှိလူအများ ကို တစ်ဦးချင်းစီ အတွေးအခေါ်များ၊ အမြင်များ၊ တွေးတောတတ်စေရန်ပြောင်းလဲပေးခြင်းသည် Full Time Change Agent တို့၏်တာဝန်ပင်ဖြစ်သည်။


၂) ဒုတိယပန်းတိုင်ကတော့ စံသတ်မှတ်ချက်များကို ပြောင်းလဲရမည်ဖြစ်ပါသည်။ စံသတ်မှတ်ချက်ဟုဆိုရာဝယ် စံနှုန်းများ၊ ပုံစံများ နှင့် ပုံစံဖော်ဆောင်မှုများပါပါသည်။ အဖွဲ့အစည်းများအားလုံးတွင် ယင်းအဖွဲ့အစည်းတွင်းရှိ အလုပ်လုပ်နေသူအားလုံးထံမှ မျှော်လင့်ချက်များ၊ အလုပ်စံနှုန်းသတ်မှတ်ချက်များ စသည်တို့ရှိပါသည်။ အဖွဲ့အ စည်းတစ်ခုကို ယင်းအဖွဲ့အစည်း၏ စံနှုန်းများပြောင်းလဲခြင်းမရှိပဲ ပြောင်းလဲအောင်လုပ်ယူ၍ မရနိုင်ပါ။ Six Sigma အသုံးပြုသည့် လုပ်ငန်းများ၊ အဖွဲ့အစည်းများတွင် စံနှုန်းသတ်မှတ်ချက်သည် အချက်အလက်များ ပေါ်တွင်အခြေခံကာ ဆုံးဖြတ်စေခြင်းကို အာရုံစူးစိုက်စေခြင်းဖြင့် ရင်းနှီးမြှပ်နှံသူများ၏ အများဆုံးရရှိနိုင်သည့် တန်ဖိုး အကျိုးအမြတ်ကိုဆောင်ကျဉ်းပေးပါသည်။


၃) တတိယပန်းတိုင်ကတော့ အဖွဲ့အစည်း၏စနစ်၊ အလုပ်လုပ်ကိုင်ပုံနည်းလမ်းများ ပြောင်းလဲခြင်း ပင်ဖြစ်ပါ သည်။ တတိယပန်းတိုင်သည် ပြောင်းလဲခြင်း၏ အနှစ်ပင်ဖြစ်သည်။ မည်သည့် လုပ်ဆောင်မှုမဆို အရည်အသွေး မြင့်မားစေရန်အတွက် စနစ်ပြောင်းခြင်းများ၊ အလုပ်လုပ်ကိုင်ပုံပြောင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ သို့သော် လည်း စနစ်မည်မျှပင်ပြောင်းလဲစေကာမူ လူတစ်ဦးချင်းစီ၏ တွေးခေါ်ပုံ၊ စံစနစ်များ မပြောင်းလဲသမျှကာလပတ် လုံး စနစ်ကြီးတစ်ခုလုံး System ကြီးတစ်ခုလုံးသည် ပြောင်းလဲမည်မဟုတ်ပေ။

Comentarios

Obtuvo 0 de 5 estrellas.
Aún no hay calificaciones

Agrega una calificación
bottom of page