Lean Six Sigma ပညာရှင်များ၏ အလုပ်များမှာ များသောအားဖြင့် စနစ် (System) များအား နားလည်သဘောပေါက်စေရန် ကြိုပမ်းအားထုတ်ခြင်း၊ ယင်း စနစ်များအား ထိန်းကြောင်းခြင်း၊ ယင်း စနစ်များအား ဖွံဖြိုးတိုးတက်စေရန် ပြလုပ်ခြင်း အစရှိသည်တို့ဖြစ်၍ ထိုကဲ့သို့သော လုပ်ကိုင်ဆောင်ရွက်မှုများကို အထူးကောင်းမွန်သည့်စနစ်များအား လုပ်ကိုင်ဆောင်ရွက်ခြင်း (Operational Excellence) ဟုခေါ်သည်။ ထို့ကြောင့် Lean Six Sigma ပညာရှင်များ အနေဖြင့် စနစ်များသည် မည်သို့မည်ပုံအလုပ်လုပ်သည်ကို နားလည်ရန်လိုအပ်ပါသည်။
စနစ်များအကြောင်းကို သုတေသနပြုလုပ်ရာတွင်၎င်း၊ နားလည်သဘောပေါက်စေရန်ကြိုးစားအားထုတ်ရာတွင်၎င်း၊ ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်သူ John Gall ၏ ဥပဒေသ တစ်ခုဖြစ်သည့် Gall’s Law သည် လွန်စွာနာမည်ကျော်သည့် ဥပဒေသတစ်ခုဖြစ်သည်။ ၁၉၇၅ တွင် ထုတ်ဝေဖြန့်ချီခဲ့သည့် General Systematics : An essay how the systems work & especially how they fail ဟူသည့် စာအုပ်တွင် John Gall သည် စနစ်များအကြောင်းနှင့် ပတ်သက်သည့် သူ၏ အတွေ့အကြုံများပေါ်တွင် အခြေခံ၍ လက်တွေ့တွင် စနစ်တစ်ခုအား မည်သို့မည်ပုံ ပြုစုပျိုးထောင်သင့်သည်၊ မည်သို့မည်ပုံ တည်ဆောက်သင့်သည် အစရှိသည်တို့ကို ဖော်ပြခဲ့ပါသည်။ စနစ်တစ်ခုအားပြုစုပျိုးထောင်တည်ဆောက်သည့် ဘာသာရပ်၏ သမ္မာကျမ်းစာ ဟူ၍ပင် တင်စားရလောက်အောင် ကောင်းမွန်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်သည် စနစ်အင်ဂျင်နီယာပညာ (System Engineering) အတွက် များစွာ အကျိုးပြုသည့် စာအုပ်တစ်အုပ်ပင်ဖြစ်ပါသည်။
စနစ်နှင့်ပတ်သက်၍ သီဝရီပညာရှင် John Gall သည် General Systematics စာအုပ်တွင်
“ရှုပ်ထွေးပွေလီလှသော စနစ်တစ်ခုသည် ရိုးစင်းသည့် စနစ်တစ်ခုမှ တစ်စတစ်စဖြင့် ဖွံဖြိုးတိုးတက်လာခြင်းပင်ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။”
တနည်းအားဖြင့်ဆိုသော် ဘာမှမရှိသည့် အရာမှ ရှုပ်ထွေးပွေလီပါသည့် စနစ်တစ်ခု တည်ဆောက်၍ မရပေ။ ရိုးစင်းသော စနစ်တစ်ခုရှိမှသာ ယင်းစနစ်အား အမှီပြု၍ ရှုပ်ထွေးသည့်စနစ်များကို တည်တွင်ဖန်တီး၍ ရပေသည်။ ဤသဘောတရားကို ကျွန်ုပ်တို့သည် ဂေါလ်၏ဥပဒေသ (Gall’s Law) ဟုခေါ်ပါသည်။
ဂေါလ်၏ဥပဒေသ သည် လုပ်ငန်းစဉ်များ၊ စနစ်များ နှင့် အလုပ်လုပ်ကိုင်ဆောင်ရွက်နေရာသည့် အတိုင်ပင်ခံများအတွက်သော်၎င်း၊ မန်နေဂျာများ၊ စီးပွားရေးသမားများအတွက်သော်၎င်း အရေးကြီးပါသည်။ ထိုသူများ အနေဖြင့် စနစ်ဆိုသည့် အရာများကို ထဲထဲဝင်ဝင်နားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် မည်သို့ပင် ရှုပ်ထွေးနေသည့် စနစ်များဖြစ်ပါစေ ကျွန်ုပ်တို့ Lean Six Sigma ပညာသည်များသည် လုပ်ငန်းစဥ်မြေပုံ (Process Map) များ၊ တန်ဖိုးစီးဆင်းမှုပြမြေပုံ (Value Stream Mapping) များ အသုံးပြု၍ စနစ်များကို ရိုးစင်းစေရန် လုပ်ဆောင်ကြပါသည်။
Lean Six Sigma, Lean Philosophy, Kaizen များအား လုပ်ငန်းစဉ်များ အတွင်းထည့်သွင်း၍ အကောင်အထည်မဖော်မီ စနစ်များကို နားလည်သဘောပေါက်စေရန်အတွက် ကြိုးစားအားထုတ်သင့်ပါသည်။
Comentários